Colourful Barcamp

  • 00 days
  • 00 hours
  • 00 minutes
  • 00 seconds

BarCamp ဆိုတာ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာနယ်ပင်အတွင်းရှိ ပညာရှင်များ၊ ဝါသနာရှင်များ နှင့် စိတ်ဝင်စားသူများက စုပေါင်းပြီးအသိပညာ အတတ်ပညာများဖလှယ်နိုင်ဖို့အတွက် နေရာတစ်ခုမှာ စစည်း စကားဝိုင်းဖွဲ့တဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ ထူးခြားချက်ကတော့ ကိုယ်ပြောဆိုဆွေးနွေး ချင်တာတွေကို ခေါင်းစဉ်တွေပေးပြီးဆွေးနွေးချင်သူတွေ၊ နားထောင်ချင်သူတွေက သက်ဆိုင်ရာအုပ်စုကလေး တွေဖွဲ့ပြီး လွတ်လပ်ပေါ့ပါးစွာ ဆွေးနွေးသည့်ပုံစံဖြစ်ပါတယ်။ သမားရိုးကျ ဟောပြောပွဲတွေ လိုတစ်ဦးက ပြောပြီး ကျန်သူတွေက နားထောင်မေးခွန်းတွေ ပြန်ထုတ်တဲ့ပွဲများနဲ့ကွဲပြားပါတယ်။ ပူးပေါင်းလုပ်ဆောင်မှုနှင့် အသိပညာဗဟုသုတမျှဝေမှုစသည့်သဘောတရားက အခြေခံပြီး လူတစ်ယောက်နှင့် တစ်ယောက်ကြား ပညာရှင်နှင့် ပညာရှင်မဟုတ်သူတွေကြား အသိပညာကွာခြားချက် ကျဉ်းမြောင်းလာအောင်၊ သိချင်တာ ပိုသိလို့ရအောင် လုပ်ဆောင်ကြတဲ့ လူမှုလှုပ်ရှားမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘားကမ့်ကို မြို့နယ်များစွာမှာ အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ BarCamp ကို ၂၀၁၀ မှစတင်ကျင်းပခဲ့ပြီး ယခု (၇) ကြိမ်မြောက် ဘားကမ့်ရန်ကုန်ကို ဇန်နဝါရီလ ၃၀ နှင့် ၃၁ ရက်များတွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပတော့မည်ဖြစ်ပါတယ်။
မည်သူမဆို လာရောက် လေ့လာ၊ ဆွေးနွေးဖို့ ဖိတ်ကြားအပ်ပါတယ်။

barcamp-yangon

MEET OUR SPONSORS

LiveAnswer


Diamond sponsors



LiveAnswer



Gold sponsors


LiveAnswer



Venue sponsors

 

LiveAnswer


Thanks to our media partners

 

LiveAnswer

OUR VENUE: MICT PARK, Yangon

MICT PARK

DREAM & CREATE

Start typing and press Enter to search